WHAT WE AREAbout Us
History
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းသည် ၁၉၉၆ကပင်စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀-၈-၁၉၉၈ ရက်စွဲပါ ခွင့်ပြု မိန့်အမှတ်၁၈၀၃ ဖြင့် လူမှုရေး အသင်းအဖွဲ့ တစ်ခုအဖြစ် စတင်ခဲ့ပါသည်။
ChairmanMessage
အသင်းဥက္ကဋ္ဌ (ဦးရှိန်ဝင်း)မှ အဖွင့်အမှာစကားပြောကြားရာ ဒီနေ့မှာ MCEA အသင်းချုပ်၏ ပထမဆုံးအကြိမ် အလုပ်အမှုဆောင်အစည်းအဝေးဖြစ်ကြောင်း၊ အားလုံးတက်တက်ကြွကြွပါဝင်ပြီး MCEAမှာ မတွေ့ဘူးသေးတဲ့ အခင်းအကျင်းမျိုး ၊ စိတ်အားထက်သန်စွာ ပါဝင်လာသည့်ပုဂ္ဂိုလ်များကို မြင်ရသော ကြောင့် မိမိအနေဖြင့် လှိုက်လှိုက်လှဲလှဲဝမ်းသာမိပါကြောင်း။
Latest NewsLatest News
အသင်း၏ လုပ်ငန်းစဉ်များ
အထက်ဖော်ပြပါ အသင်းကြီး၏ ရည်ရွယ်ချက်များကို အထမြောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်စေရန်အတွက် အောက်ပါလုပ်ငန်းစဉ်များဖြင့် ဆောင်ရွက် အကောင်အထည် ဖော်သွားရန် ဖြစ်ပါသည်။
နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်း စေမည့် မည်သည့်လုပ်ဆောင်မှုမျိုးမဆို အခြား ရည်ရွယ်ချက်ချင်း တူညီသည့် အဖွဲ့အစည်းများနှင့် ညီညွတ်စွာပူးပေါင်းဆောင်ရွက် သွားရန်။
ဆောက်လုပ်ရေးလုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ တည်ဆောက်ရေး ကိစ္စရပ်များအား နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ကူညီပံ့ပိုး ဆောင်ရွက်သွားရန်။
ဆောက်လုပ်ရေးပညာရှင်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း မြှင့်တင်ရန်နှင့် မိမိတို့၏ တာဝန်ဝတ္တရား များ (Duties and Responsibilities)နှင့် စောင့်ထိန်း ရမည့် ကျင့်ဝတ် ( Professional Ethics) တို့ကို သိရှိ နားလည် စေရေးအတွက် ပညာပေးဆောင်ရွက်သွားရန်။
နိုင်ငံတကာ ဆောက်လုပ်ရေး အသင်းများ၊ ဆောက်လုပ်ရေး ကုမ္ပဏီများ နှင့် ဆက်သွယ်၍ ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် ကုမ္ပဏီများ နှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန်။
အချိန်နှင့် တပြေးညီ နိုင်ငံတကာမှ ဆောက်လုပ်ရေး နည်းစနည်များကို သုတေသနပြုလုပ်၍ မိမိတို့ ပြည်တွင်း နှင့် ကိုက်ညီမှုရှိသည့် နည်းစနစ်များကို ဖြန့်ဖြူးပေးရန်။
ဗဟုသုတ ကြွယ်ဝသော မျိုးဆက်သစ် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပေါ်ပေါက်နိုင်ရန် အသင်းဝင်များ၏ သား သမီးများအနက် ဆောက်လုပ်ရေး စိတ်ဝင်စားသော သား သမီး များအားပြည်တွင်း၊ပြည်ပတွင် ဆောက်လုပ် ရေးအတတ်ပညာများသင်ကြားနိုင်ရေးအတွက် သင်တန်းကျောင်း များဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရန်။
ခေတ်မီတည်ဆောက်ရေး နည်းစနစ်များကို လေ့လာနိုင်ရန်အတွက် ပြည်ပသို့ လေ့လာရေးခရီးများကို အသင်းမှ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးရန်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် အဆင့်ဆင့်သော ဆောက်လုပ်ရေးလုပ်သားများနှင့်အတတ်ပညာရှင်များ၏ ဝန်ဆောင်ခများ၊ သင့်တင့်မျှတမှု ရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်။
မြေစမ်းခြင်း၊ မြေအောက်ရေ တူးဖော်ခြင်း၊ မြေတိုင်းတာခြင်း၊ ဗိသုကာလုပ်ငန်းများ၊ Pile ရိုက်ခြင်း၊ Pile test ပြုလုပ်ခြင်း၊ Heavy equipment ငှားရမ်းခြင်း၊ -Structure Design ပြုလုပ်သည့် လုပ်ငန်း များအတွက် မိမိတို့ ကိုယ်ပိုင်ကုမ္ပဏီများအတွင်း ဝန်ဆောင်မှု ပြုလုပ်မပေးနိုင်သော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအား အသင်း အနေဖြင့် တစ်စုတစ်စည်းတည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်။
အသင်း၏ လုပ်ငန်းဆောင်တာများ လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးတွင် ဒေသအလိုက် အသင်းရုံးခွဲများကို လိုအပ်သလို တိုးချဲ့ ဖွင့်လှစ်တည်ထောင်သွားရန်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ပေါ်ပေါက်လာမည့် အခက်အခဲများကို ကျော်လွှားဖြေရှင်းနိုင်ရန် ခုံသမာဓိအဖွဲ့ ဖွဲ့စည်းပြီး ယင်းအဖွဲ့၏ စီရင် ဆုံးဖြတ်ချက် များကို လုပ်ငန်းရှင်များအားလုံးက လေးစားလိုက်နာကြစေရေးအတွက် စည်းရုံးဆောင်ရွက်ရန်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ပေါ်ပေါက်လာမည့် အခက်အခဲများကို ကျော်လွှားဖြေရှင်းနိုင်ရန် ခုံသမာဓိအဖွဲ့ ဖွဲ့စည်းပြီး ယင်းအဖွဲ့၏ စီရင် ဆုံးဖြတ်ချက် များကို လုပ်ငန်းရှင်များအားလုံးက လေးစားလိုက်နာကြစေရေးအတွက် စည်းရုံးဆောင်ရွက်ရန်။
တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ထိရောက်သည့် စီစဉ် ဆောင်ရွက်ထားရှိမှုများ ရှိစေရန် တိုက်တွန်း နှိုးဆော် ပေးရန်။
ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် နည်းပညာ ဗဟုသုတများ ပြန့်ပွားအောင် မဂ္ဂဇင်း၊ ဂျာနယ်၊ လက်ကမ်း စာစောင်များ ထုတ်ဝေနိုင်ရေး အတွက်ဆောင်ရွက် ပေးရန်။
ဆောက်လုပ်ရေးအသင်းမှ ဦးဆောင်၍ဆောက် လုပ်ရေး ဘဏ်တစ်ခု တည်ထောင်နိုင်ရေးအတွက်ကြိုးပမ်း ဆောင်ရွက်ပေးရန်။
ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်း၏ အထက်ဖော်ပြပါ ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်စေရန်အတွက် ပြည်နယ် နှင့်တိုင်းဒေသကြီးအလိုက် အသင်းရုံးခွဲများ တည် ဆောက်၍တိုးချဲ့ဆောင်ရွက်သွားရန်။
MINISTRY WEBSITES
- President Office
- Ministry of Foreign Affairs
- Ministry of Home Affairs
- Ministry Of Defense
- Ministry of Border Affairs
- Myanmar State Consellor Office
- Ministry of Information
- Ministry of Religious Affairs and Culture
- Ministry of Agriculture, Livestock and Irrigation
- Ministry of Transport and Communications
- Ministry of Natural Resources and Environmental Conservation
- Ministry of Electricity and Energy
- Ministry of Labour, Immigration and Population
- Ministry of Industry
- Ministry of Education
- Ministry of Health and Sports
- Ministry of Commerce
- Ministry of Planning and Finance
- Ministry of Construction
- Ministry of Social Welfare, Relief and Resettlement
- Ministry of Hotels & Tourism
- Union Civil Service Board
- Office of the Auditor General of the Union
- Union Attorney General's Office
- The Supreme Count of the Union
- National Constitutional Tribunal
- Union Election Commision